မြန်မာပြည်မှာ လူသိများလာမယ့် HR Software တစ်ခု

HR များရဲ့ အခက်အခဲ

သာမာန်ကုမ္ပဏီတစ်ခုရဲ့ HR ဌာနဟာ လတစ်လရဲ့လကုန်ရက်ပိုင်းလောက်ကို ရောက်လာပြီဆိုရင် သူတို့ ရဲ့ခေါင်းမဖေါ်နိုင်ကြတော့လောက်အောင်အလုပ်များတတ်ကြပါတယ်။ သူတို့ဝန်ထမ်းတွေရဲ့ လစာကို အချိန်မှီပေးနိုင်ဖို့အတွက် လစာကို အသည်းအသန် တွက်ချက်နေကြရပါတယ်။ လစာတွက်ချက်ဖို့ အတွက် လိုအပ်တဲ့ ဝန်ထမ်းတွေရဲ့ ရုံးတက်ရုံးဆင်း မှတ်တမ်းတွေ၊ ဝန်ထမ်းခွင့်ယူထားတဲ့ ရက်တွေ၊ အချိန်ပိုဆင်းထားကြတဲ့ ဝန်ထမ်းတွေရဲ့ အချိန်ပိုအလုပ်ချိန်တွေဟာ တစ်စစီပြန့်ကျဲလို့နေတတ်ပါတယ်။ ဒီလိုမျိုး ပြန့်ကျဲနေတဲ့ ဒေတာအချက်အလက်တွေကို ကောက်ယူပြီး လစာတွက်ချက်ရတဲ့ ကိစ္စက တကယ်ကိုပဲ အချိန်ကုန် လူပင်ပန်းစေပါတယ်။

အခုပြောပြခဲ့တာက လစာတွက်တဲ့ ကိစ္စတစ်ခုပဲရှိပါသေးတယ်။ ဒီလိုမျိုး အလားတူကိစ္စတွေ HR ဌာနမှာ အများကြီးနေတတ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဝန်ထမ်းတွေရဲ့ ဒေတာအချက်အလက်တွေ ကွန်ပျူတာ အထဲမှာ Excel file တစ်ခုအနေနဲ့ သိမ်းဆည်းထားပြီးအလုပ်လုပ်ကြတဲ့အခါ၊ တစ်ကြိမ်မှာ တစ်ယောက်ပဲ အသုံးပြုလို့ရပြီး၊ ဘယ်တစ်ဖိုင်က နောက်ဆုံး update လုပ်ခဲ့တဲ့ဖိုင်လည်းဆိုတာ မသိ တော့တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်ကြတဲ့အခါ ဒေတာတွေမှာ အမှားအယွင်းတွေ ရှိလာတတ်ပါတယ်။

ပြောသာပြောရတယ်၊ HR ဌာန အတွက်က ဒေတာအချက်အလက်တွေက အလွန်အရေးကြီးလှပါတယ်။ ဝန်ထမ်းရဲ့ လစာမှာ သုညတစ်လုံးလောက် အလိုအပိုဖြစ်သွားခဲ့မယ်ဆိုရင် အမှားအယွင်းတွေ အများ ကြီးဖြစ်သွားနိုင်တယ်။ ဒါ့အပြင် လိုအပ်တဲ့ အချိန်မှာ လိုအပ်နေတဲ့ ဒေတာတွေကို ဆွဲထုတ်ယူဖို့ဆိုတာ မလွယ်ကူတတ်ပါဘူး။ ဖိုင်တစ်ဖိုင်မှာ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေဟာ ချိတ်ဆက်နေတဲ့ နောက်တစ်ဖိုင်မှာ အလိုအလျောက် update ဖြစ်သွားရာခက်ခဲလှပါတယ်။

မြန်မာပြည်ရှိ HR Software များ

အခုနောက်ပိုင်းမှာ မြန်မာပြည်မှာရှိကြတဲ့ ကုမ္ပဏီကြီးတွေက HR Software တွေကို စတင်လို့အသုံး ပြုလာကြပါတယ်။ အခုလို software တွေကို အသုံးပြုလာကြတာကြောင့် အပေါ်မှာပြောပြခဲ့တဲ့ အခက်အခဲ ပြဿနာတွေကို အနည်းနဲ့အများ ဖြေရှင်းလိုက်နိုင်ခဲ့ပါတယ်။ သူတို့အသုံးပြုကြတဲ့ Software အတော်များများက နိုင်ငံခြားမှ software တွေဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ ဒေတာ အချက်အလက်တွေသိမ်းဆည်းအသုံးပြုတဲ့နေရမှာ အဆင်ပြေကြပေမယ့်၊ ဝန်ထမ်းတွေရဲ့ လစာ တွက်ချက်တဲ့နေရာမှာတော့ အခက်အခဲတွေကို အနည်းနဲ့အများ ကြုံတွေ့ကြရပါတယ်။ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေရဲ့ တမူထူးခြားမှု၊ ဝင်ငွေခွန်တွက်ချက်မှုတွေမှာရှုပ်ထွေးမှုရှိတာတွေကြောင့် အဲ့ဒီလို အခက်အခဲတွေကိုကြုံတွေ့ကြရတာဖြစ်ပါတယ်။

ဒီအခါမှာ မြန်မာပြည်တွင်း ရေးဆွဲဖန်တီးထားတဲ့ HR Software တွေကို စတင်အသုံးပြုလာကြသူ တွေများပြားလာကြပါတယ်။ မှတ်မိသလောက်ပြောရမယ်ဆိုရင် ၁၉၉၉ ခုနှစ်လောက်က MCC ရဲ့ CoHusion Software ကိုရင်းနှီးခဲ့ဖူးပါတယ်။ တစ်ချို့ကုမ္ပဏီတွေကလည်း ကိုယ့်ကုမ္ပဏီအတွက် ကိုယ့် ရဲ့လိုအပ်ချက်အပေါ်မူနည်ပြီး ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲအသုံးပြုတာကြတွေကိုလည်းကြုံတွေ့ခဲ့ဖူးပါတယ်။ MIT ရဲ့ HR Software တွေ၊ ACE ရဲ့ HR Software တွေကိုလည်း ကြုံခဲ့ဖူးပါတယ်။ အခုလက်ရှိ နောက်ပိုင်းမှာ Global Wave ရဲ့ HR Software နဲ့လည်း အတော်လေးရင်းနှီးခဲ့ဖူးပါတယ်။ အဲ့ဒီ့ Software တွေက အစပိုင်းမှာ ကုမ္ပဏီရဲ့ server အပေါ်မှာထားပြီးသုံးဆွဲကြရတာဖြစ်ပြီး၊ နောက်ပိုင်းမှာ cloud အပေါ်မှာ data တွေကို သိမ်းဆည်းကာ အသုံးပြုလာကြပါတယ်။ ဒီ software တွေမှာ သူဟာနဲ့သူ အားနည်းချက်၊ အားသာချက်တွေ ကိုယ်စီအနည်းအများတော့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဘယ် တစ်ခုက ပိုကောင်းတယ်ဆိုတာမျိုးကိုတော့ ပြောရခက်လှပါတယ်။ အဓိကကတော့ သုံးစွဲသူတွေရဲ့ အကြိုက်နဲ့လိုအပ်ချက်၊ သူတိုရဲ့ငွေကြေးသုံးစွဲနိုင်မှုဘတ်ဂျက်တွေအပေါ်မှာလည်း မူတည်နေပါသေး တယ်။

Brycen Myanmar ကုမ္ပဏီရဲ့ BAMAWL HR System

ဒီလိုမျိုး HR Software တွေအကြားထဲက Brycen Myanmar ကုမ္ပဏီရဲ့ BAMAWL HR System နဲ့ မကြာသေးမီက ရင်းနှီးခွင့်ရခဲ့ပါတယ်။ ဒီ BAMAWL HR System ရဲ့ ကောင်းတဲ့အချက်လေးတွေကို သိရှိလေ့လာခွင့်ရခဲ့တာလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။

  • ဒီ BAMAWL HR System ဟာ cloud based system တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အင်တာ နက်ရှိတဲ့ ဘယ်နေရာကမဆိုအဲ့ဒီ့ system ကို အသုံးပြုနိုင်ပါတယ်။
  • ဒီ system ကိုအသုံးပြုကြတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ဒေတာအချက်အလက်တွေကိုလည်း တစ်စုတစ်စည်း နဲ့ ထားရှိတဲ့ software တစ်ခုအဖြစ်အသုံးပြုနိုင်တယ်လို့သိရှိရပါတယ်။
  • Server-based software တွေ မသုံးချင်ကြတော့တဲ့ ကုမ္ပဏီတွေအတွက် cloud-based software အနေနဲ့ ရွေးချယ်တွေအထဲက တစ်ခုအဖြစ် စဉ်းစားလို့ရနိုင်ပါတယ်။ 
  • ဒီ BAMAWL HR System ကို Browser အားအသုံးပြုပြီး Web Version အနေနဲ့ အသုံးပြုနိုင် သလို၊  Mobile Android Version အားဖြင့်လည်း အသုံးပြုနိုင်ပါတယ်။
  • ဒါ့အပြင် ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို၊ သူတို့ရဲ့ CV form တွေ၊ အလုပ် စာချုပ်တွေကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်ပါတယ်။
  • အဲ့ဒီဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို report တွေအဖြစ် ဘယ်အချိန်မဆို၊ ဘယ်နေရာက ပဲဖြစ်ဖြစ် ထုတ်ယူ အသုံးပြုနိုင်တာကလည်း အတော်လေး အဆင်ပြေလှပါတယ်။
  • ဒီအခါမှာ စာရွက်တွေအပေါ်မှာ print ထုတ်ကြည့်စရာမလိုတော့ပဲ ကုန်ကျစရိတ်ကိုသက်သာ စေပါတယ်။
  • နောက်ထပ်ကောင်းတဲ့ အချက်တစ်ခုက ဒေတာတွေရဲ့ လုံခြုံရေး စနစ်ကောင်းမွန်းတာပဲဖြစ် ပါတယ်။ ဒေတာတွေဆုံးရှုံးမရှိစေအောင်ကာကွယ်ပေးနိုင်ပါတယ်။
  • နောက်ထပ်အဆင်ပြေတဲ့ အချက်တစ်ခုကတော့ ဝန်ထမ်းတွေရဲ့အချက်အလက်တွေကို Dashboard အနေနဲ့ လည်း ကြည့်ရှုလို့ရပါတယ်။
  • အသုံးပြုမယ့် ဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ user level သတ်မှတ်ပေးနိုင်ပြီး သူတို့ရဲ့ အသုံးပြု နိုင်တဲ့ ခွင့်ပြုအဆင့်ကိုလည်း အဆင့်အလိုက် ခွဲခြားပေးလို့ရပါတယ်။
  • ဒီလို system တွေအထဲ များပြားလှတဲ့ ဒေတာတွေကို လက်နဲ့ တစ်ခုချင်းစီရိုက်ထည့်ရတာက အသုံးပြုသူတွေကို အတော်လေးကို ကသိကအောင့်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီ BAMAWL HR System ကတော့ အဲ့ဒီ့ များပြားလှတဲ့ ဒေတာတွေကို Excel file တွေကနေ တိုက်ရိုက် ထည့် သွင်းပေးလို့ရတဲ့အတွက်ကြောင့် ဒီအခက်အခဲတွေအတွက် စိတ်မပူစေရပါဘူး။
  • ဒါအပြင် ဒီ system မှာ ဘယ်သူက ဘယ်အချိန်မှာ ဘာတွေလုပ်သွားတယ်၊ ပြင်သွားတယ် ဆိုတာတွေကို ဖေါ်ပြပေးနိုင်တဲ့ audit trail စနစ်လည်း ပါရှိပါတယ်။
  • ဒါ့အပြင် ဝန်ထမ်းလစာတွက်ချက်တဲ့ ကိစ္စအတွက်လည်း အဆင်ပြေတဲ့ အချက်တွေအများကြီး ရှိပါသေးတယ်။ ဝန်ထမ်းတွေရဲ့ နေ့စဉ်ရုံးတက်ရုံးဆင်းမှတ်တမ်းတွေကို လက်ဗွေစနစ်နဲ့ပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် ရယူမှတ်တမ်းတင်နိုင်ပြီး အချိန်မရွေးပြန်လည်စစ်ဆေးနိုင်ပါတယ်။
  • ပြီးတော့ ကုမ္ပဏီရဲ့ မူဝါဒအရ ဝန်ထမ်းအမျိုးအစားအလိုက် အမျိုးမျိုးသော လစာတွက်ချက် နည်းတွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
  • လစာကိုလည်း system ကနေတွက်ချက်ပေးတာဖြစ်လို့ အချိန်ကုန်သက်သာစေပါတယ်။
  • ကုမ္ပဏီတွေကို အကြိုက်တွေ့စေမယ့် အချက်တစ်ခုကတော့ လစာကို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဒီ BAMAWL HR System ကနေ လွှဲပေးနိုင်တာဖြစ်ပါတယ်။
  • လစာတွက်ချက်တဲ့နေရာမှာလည်း မြန်မာနိုင်ငံ အလုပ်သမားဥပဒေတွေ၊ မြန်မာနိုင်ငံအခွန် ဥပဒေတွေနဲ့အညီတွက်ချက်ပေးနိုင်ပါတယ်။
  • ဒီ BAMAWL HR System ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့ ဝန်ထမ်းတွေရဲ့ KPI တွက်ချက်ဖို့အတွက် လိုအပ်တဲ့ ဒေတာတွေကို စုဆောင်းပေးနိုင်တာပဲဖြစ်ပါတယ်။
  • ပြောရမယ်ဆိုရင် လက်နဲ့အချိန်ယူပြုလုပ်ရတဲ့အလုပ်ကိစ္စတွေကို digital စနစ်ဖြင့်လုပ်ဆောင် လာနိုင်တာက အတော်လေးကို အလုပ်သက်သာစေပါတယ်။
  • ဒေတာတွေကို သိမ်းဆည်းထိန်းသိမ်းတဲ့နေရာမှာလည်း မြန်ဆန်ပြီး အချိန်ကုန်သက်သာ အကျိုး ရှိလှပါတယ်။
  • တကယ်ကို HR assistant လိုမျိုးကို အလုပ်ပေးနိုင်ခြင်းအားဖြင့် အလုပ်အတွက်အထောက် အကူဖြစ်လှပါတယ်။

အခုပြောပြခဲ့တဲ့ Brycen Myanmar ကုမ္ပဏီရဲ့ BAMAWL HR System ကနေရရှိနိုင်တဲ့ အကျိုး ကျေးဇူးတွေကိုစိတ်ဝင်စားပြီး၊ အချက်အလက်အများကို ပိုမိုသိရှိချင်တယ်ဆိုရင်တော့ ဒီ Brycen Myanmar ကုမ္ပဏီရဲ့ website မှာပါတဲ့ ဆက်သွယ်ရမယ့် email နဲ့ ဖုန်းနံပါတ်တွေနဲ့ ဆက်သွယ် ခေါ်ယူမေးမြန်းနိုင်ပါတယ် ဆိုတာကိုအကြံပေးလိုက်ချင်ပါတယ်။

Login


Don't have an account? Create one now.
It's free and simple! Register

Register

Please register to watch videos.


Already have an account? Login

Forgot Password