Here's look at a lot of features into one complete BAMAWL HR system.Findings the Key Features of our HR system in below.
၀န်ထမ်းတစ်ဦးချင်းစီ၏ကိုယ်ရေးအချက်အလက်များ အလုပ်လျှောက်လွှာ၊ အလုပ်ခန့်အပ်စာချုပ်၊ သက်ဆိုင်ရာဌာနများနှင့် ရာထူးများအား တစ်နေရာထဲတွင် လွယ်ကူစွာသိမ်းဆည်းနိုင်ပါသည်။
၀န်ထမ်းရေးရာဌာနမှ ၀န်ထမ်းများ၏ နေ့စဥ်ရုံးတက်ချိန်စာရင်းများ ကို စစ်ဆေးနိုင်ပါသည်။ ၀န်ထမ်းမှလည်း မိမိ၏ရုံးတက်/ဆင်းအချိန် များကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာ ဖြင့် တောင်းဆို ချက်များ ပြုလုပ် နိုင်ပါသည်။
၀န်ထမ်းလစာ၊ ထောက်ပံ့ကြေး၊ လစာဖြတ်တောက်ခြင်း၊ အချိန်ပိုကြေး များပါ၀င်ပါသည်။ ရုံးအလုပ်ချိန်အတိုင်း လစာများကို အလိုအလျောက်တွက်ချက်နိုင်ပြီး ဘဏ်နှင့် ချိတ်ဆက်ကာ လစာပေးချေနိုင်ပါသည်။
BAMAWL HR system တွင် click တစ်ချက်နှိပ်လိုက်ရုံဖြင့် ပိုင်းခြားစီစစ်ထားသော အစီရင်ခံစာများကို ထုတ်ယူနိုင်ပါသည်။
BAMAWL HR system အသုံးပြု၍ သက်ဆိုင်ရာ အထက် အရာရှိများကို ခွင့်တင်နိုင်ပါ သည်။ ၀န်ထမ်းမှ Application အသုံးပြု၍ ခွင့် form တင်ခြင်း၊ မိမိ၏ခွင့်လက်ကျန်နှင့် အလုပ်ပိတ်ရက်များကိုလည်းစစ်ဆေးနိုင်ပါသည်။
လုပ်ငန်းအတွင်းရှိ ၀န်ထမ်းများအတွက် အချိန်ပိုကြေး ဆိုင်ရာ စည်းမျဥ်းအမျိုးမျိုး ကို ထည့်သွင်း၍ ၀န်ထမ်း ၏ အချိန်ပိုကြေးများကို အလိုအလျောက် တွက်ချက်နိုင်ပါသည်။
လိုအပ်ပါက ၀န်ထမ်းအလုပ်ချိန်အဆိုင်းများအား လဲလှယ်နိုင်ခြင်းများ ပြုလုပ်နိုင်ပါသဖြင့် ၀န်ထမ်း ရေးရာဌာန မှ အလုပ်ချိန်အဆိုင်းများစီမံခန့်ခွဲခြင်းကို လွယ်ကူစွာလုပ်ဆောင်နိုင်ပါသည်။
ခွင့်များ၊ အချိန်ပိုကြေး form များ၊ ကြော်ငြာချက်များ၊ ၀န်ထမ်းများ၏မွေးနေ့များ နှင့် ၀န်ထမ်းရေးရာ စည်းမျဥ်း စည်းကမ်းများကိုလည်း စစ်ဆေးကြည့်ရှုနိုင်ပါသည်။
ကုမ္ပဏီရှိ၀န်ထမ်းများ၏စွမ်းဆောင်ရည်အကဲဖြတ်ရန်အတွက် အဖွဲ့အစည်းအတွင်း စစ်တမ်းများကောက်ယူနိုင်ပါသည်။ အခြားလိုအပ်သောစစ်တမ်းများကိုလည်း survey form များဖန်တီး၍ စစ်တမ်းကောက်ယူနိုင်ပါသည်။
၀န်ထမ်းတစ်ဦးချင်းစီအလိုက် မိမိ၏အစည်းအဝေး အချိန်ဇယားများကို မှတ်သားထားနိုင်ပါသည်။ အစည်းအဝေး တက်ရောက်မည့် ၀န်ထမ်းများကိုလည်းမှတ်သားထားနိုင်ပြီး အစည်းအဝေးဖိတ်ကြားစာကိုလည်း email မှတဆင့် အလိုအလျောက်ပေးပို့နိုင်ပါသည်။ ထို့အပြင် တခြား၀န်ထမ်းများ၏ အစည်းအဝေးအချိန်ဇယားများကိုလည်း စစ်ဆေးကြည့်ရှုနိုင်ပါသည်။
ရုံးရှိအစည်းအဝေးခန်းများအား ကြိုတင်ဘိုကင်တင်နိုင်ခြင်း၊ အလုပ်ကိစ္စအပြင်သွားမည်ဆိုပါကလည်း မသွားခင် ရုံးရှိကားများအားဘိုကင်တင်နိုင်သည့် စနစ်ပါရှိသဖြင့် HR အလုပ်များသာမက Admin အလုပ်များကိုပါ စနစ်တကျလုပ်ဆောင်နိုင်ပါသည်။
BAMAWL HR system အတွင်းသိမ်းဆည်းထားသည့် အချက်အလက်များအား မည်သူမှ မည်သည့်အချိန်တွင် ပြင်ဆင်သိမ်းဆည်းခြင်း စသည်တို့အားစစ်ဆေးကြည့်ရှုနိုင်ပါသည်။