HR System အကြောင်းသိကောင်းစရာများ

HR system သုံးဖို့ စဥ်းစားနေတဲ့ လုပ်ငန်းတွေအတွက်ကော၊ HR နယ်ပယ်ထဲ၀င်မယ့် လူငယ်တွေအတွက်ရော HR System သုံးတော့မယ်ဆို ဘာတွေသိထားသင့်လဲ၊ System တစ်ခုပြောင်းသုံးဖို့အတွက် security မြင့်တဲ့ System ဘယ်လိုရွေးချယ်သင့်လဲ စတဲ့ HR System နဲ့ပတ်သတ်တဲ့ သိသင့်သိထိုက်တဲ့ အမေးအ‌ဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Ques: HR software system ကိုသုံးရင် ဘာတွေ ကောင်းကျိုးရှိမှာလဲ?  

Ans: ဒါကတော့ Manual ကနေ system တစ်ခုကို စပြောင်းလဲတော့မယ် ဆိုရင် မေးလေ့ရှိတဲ့မေးခွန်းတစ်ခုပါ။ HR integrated software system တစ်ခုကို သုံးခြင်းအားဖြင့် ကိုယ့်မှာ ဝန်ထမ်းတွေနဲ့ပတ်သတ်တဲ့ ၀န်ထမ်းစီမံခန့်ခွဲမှုစနစ် (Employee Management), ၀န်ထမ်းရုံးတက်/ရုံးဆင်းစီမံခန့်ခွဲမှုစနစ် (Attendance Managementတွေ, သက်ဆိုင်ရာ ခံစားခွင့်တွေနဲ့ပတ်သတ်တဲ့ Leave Management, အရေးကြီးဆုံးကတော့ လစာတွက်ချက်ခြင်း (Payroll Management)အပိုင်းတွေ ကို system တစ်ခုအနေနဲ့ သွားတာဖြစ် တဲ့ အတွက် HR အလုပ်များစွာကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ပေးသဖြင့် အချိန်သက်သာရုံသာမက အမှားများလုပ်ခြင်းကိုလည်း လျော့နည်းစေပါတယ်။ နောက် Paper Work နဲ့ သွားရတဲ့ လုပ်ဆောင်မှုတွေကို လည်း system နဲ့ အသုံးပြုရတဲ့ အတွက်ကြောင့် ငွေကုန်ကြေးကျ သက်သာစေခြင်း, အချက်အလက်တွေ ထိန်းသိမ်းတဲ့ အပိုင်း မှာလည်း ပျောက်ရှ ပျက်စီးမှာ စိုးရိမ် စရာမလိုဘဲ စာရွက်စာတမ်းတွေ ထက် HR Cloud Base System တစ်ခုမှာ ထိန်းသိမ်းခြင်းက ပို ပီးလုံခြုံစိတ်ချရပါတယ်။

(2) Ques: လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး အခြေအနေ တွေ ကျန်းမာရေး နဲ့ ပတ်သတ်တဲ့ အခက်အခဲတွေ ကြောင့် တချို့ company တွေက ဝန်ထမ်းတွေကို Work from Home ဆိုပီး Remote Working စနစ်နဲ့ အိမ်ကနေ အလုပ်လုပ် ခွင့်ပြုလိုက်ရတဲ့ အခြေအနေ Shift နဲ့ အလုပ်ခွဲဆင်းရတဲ့ အခြေအနေတွေ ကြုံခဲ့ရပါတယ်။ ဒီလို အခြေအနေတွေ ဆို ရင်ရော ဘယ်လိုမျိုး Attendance နဲ့ ပတ်သတ်ပီး စီမံခန့်ခွဲလို့ရပါသလဲ?

Ans: ဒါဆိုရင်တော့ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းဟာ မိမိရဲ့ mobile phone ကနေပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ Personal Computer တို့ကနေပီးတော့ HR Software Application ကို အသုံးပြုပီးတော့ အလွယ်တကူ Attendance နဲ့ ပတ်သတ်ပီး စီမံခန့်ခွဲလို့ရပါတယ်။

(3) Ques: ၀န်ထမ်းစီမံခန့်ခွဲမှု အပိုင်းတွေ ရုံးတက်/ရုံးဆင်းစီမံချိန်နဲ့ ပတ်သတ်တဲ့ ခန့်ခွဲမှု အပိုင်းတွေကတော့ ဟုတ်ပါပီ။ လစာတွက်ချက်မှု အပိုင်းတွေကရော system ထဲမှာ Manual နဲ့တွက်သလို အဆင်ပြေပါ့မလား? ယုံကြည် စိတ်ချရပါ့မလား?

Ans: ဟုတ်ကဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး စျေးကွက်ထဲမှာ ရှိနေတဲ့ HR Software System တော်တော်များများကတော့ ဒါတွေနဲ့ ပတ်သတ်ပီး ၀င်ငွေခွန် တွက်ချက်ခြင်းနည်းလမ်းများ၊ ခွင့်များကို မြန်မာအလုပ်သမားဥပဒေ နှင့်အညီလုပ်ဆောင် ထားပီး သားပါ။ အဲ့ထဲကမှ ကိုယ့် company နဲ့ကိုက်ညီတဲ့ ကိုယ်မျှော်မှန်းထားတဲ့ Budget နဲ့ ကိုယ့်ကို ပေးမယ့် Service နဲ့ Product ရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ပီးတော့မှ အဆင်ပြေဆုံးဖြစ်မယ့် HR Software System ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

(4) Ques: Cloud Based HR Software System နဲ့ On-Premise HR Software System က ဘယ်လိုတွေ ကွာခြားပါသလဲ?

Ans: HR Software ကို Cloud Based System နဲ့ အသုံးပြုမယ်ဆိုရင် On-Premise Software များလို Installation ပြုလုပ်ရာမှာ ကြုံတွေ့တဲ့ အခက်အခဲတွေ၊ Software Update တင်တဲ့အခါမှာ အချိန်ကြာခြင်းတွေ မရှိတော့ဘဲ ရေရှည်မှာ Cost-Effective ဖြစ်စေမှာ ဖြစ် ပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ အင်တာနက်ရှိရုံ နဲ့ အချိန်မရွေး ဝင်ရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ့် ရဲ့ HR Database ကို Centralized လုပ်နိုင်မှာဖြစ်လို့ Cloud Based HR Software System ရဲ့  အားသာချက် လည်: ဖြစ်ပါတယ်။

(5) Ques: ဒါဆိုရင် BAMAWL HR System ကရော Cloud Based HR Software လား? On-Premise HR Software လား?

Ans: Bamawl HR Software System ကတော့ Cloud Based HR Software System ဖြစ်ပါတယ်။ ဒါ့အပြင် Bamawl HR Software System ကို ရေးဆွဲတဲ့နေရာမှာ Myanmar Government ရဲ့ စည်းမျဥ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်း အပေါ်မှာ အခြေခံပီးရေးဆွဲထားတဲ့အပြင် customer company ရဲ့ သီးသန့် policy တွေ procedure တွေ Request အနေနဲ့ ရှိလာခဲ့ရင်လည်း customized လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး…Higher Security System ဖြစ်တဲ့ Cloud-Based System ကို အသုံးပြုထားတဲ့အပြင် Bamawl HR Software System မှာ User Authorization ဆိုတဲ့ Permission ခွင့်ပြုချက် ရရှိထားသောသူများသာ system အတွင်း၀င်ရောက်နိုင်ပါတယ်။

(6) Ques: BAMAWL HR Integrated System က Cloud Base ဆိုတော့ Secure ကောဖြစ်ရဲ့လား?

 Ans: မြန်မာနိုင်ငံမှာ လူသုံးအများဆုံးနဲ့ Secure အဖြစ်ဆုံး Cloud Platform ၃ခုရှိပါတယ်။

   (၁) Amazon AWS Cloud Platform

   (၂) Microsoft Azure Cloud Platform

   (၃) Google Cloud Platform (GCP) တို့ပဲဖြစ်ပါတယ်။

BAMAWL HR Integrated System ကိုတော့Google Cloud Platform (GCP) တွင်ထားရှိပြီး User Data Code များဖြင့် သိမ်းဆည်းထားပါတယ်။ ၃နှစ် ကြာသည်အထိသိမ်းထားလို့ရပြီး ၃နှစ်ပြည့်သွားရင်တော့ အရှေ့ဆုံးပထမက လမှစ၍ Data တွေကိုဖြတ်သွားမှာပဲဖြစ်ပါတယ်။

 (7) Ques: BAMAWL HR System မှာဘယ်လို function တွေပါ၀င်ပါသလဲ?

Ans : BAMAWL HR System မှာဆိုရင် ၀န်ထမ်းတွေရဲ့ အချက်အလက်များ၊ CV ၊ Contract တွေကိုတစ်နေရာ ထဲမှာ သိမ်းဆည်းလို့ရတဲ့ Employee Management System, ၀န်ထမ်းတွေရဲ့ နေ့စဥ် ရုံးတက်ရုံးဆင်းချိန်တွေကို စီမံခန့်ခွဲလို့ရတဲ့ Attendance Management System, လစာတွေကိုအလွယ်တကူ အချိန်တိုအတွင်း တွက်ချက်နိုင်တဲ့ Payroll Calculation တို့ပါ၀င်ပါတယ်။

(8) Ques: ရုံးမှာက Finger Print Device တပ်ထားပြီးသားဆို BAMAWL HR Integrated System နဲ့ဘယ်လိုပြန်ချိတ် ပေးမှာလဲ?

Ans: Finger Print Device ရဲ့ Attendance data တွေကို BAMAWL HR Integrated System ကနေ နေ့စဥ် စစ်ဆေးနိုင်ဖို့အတွက် Raspberry Pi Device ကိုတပ်လိုက်ရုံနဲ့ Finger Print Device မှာရှိတဲ့ ရုံးတက်၊ ရုံးဆင်းချိန်တွေသည် Raspberry Pi Device မှတစ်ဆင့် BAMAWL HR Integrated System ထဲသို့ အလိုအလျောက်‌ရောက်သွားမှာပဲဖြစ်ပါတယ်။

(9) Ques:  BAMAWL HR System  မှာ  Attendance Data တွေကို  Fingerprint device မရှိရင် ဘယ်လိုတင်ရမလဲ?

Ans:  BAMAWL HR System မှာ Attendance Data  တွေကို Fingerprint Device မရှိရင်လည်း Mobile Application  ရဲ့ Check In/Out Request ကိုအသုံးပြု၍ တိကျသောအချိန် ကိုတင်လို့ရပါတယ်။

(10) Ques: BAMAWL HR Integrated System မှာ ၀န်ထမ်းက In/Out လည်းမနှိပ်မိဘူး ခွင့်လည်းမတင်မိဘူး ဆိုရင် အဲ့နေ့အတွက် Absent နဲ့ဖြတ်ခံရမှာလား?

Ans: အထက်လူကြီး ခွင့်ပြုချက်နဲ့ လစာမတွက်ခင်အထိ Forget Card Request အသုံးပြု၍ Attendance In/Out ကို back date အနေနဲ့ပြန်တင်လို့ရပါတယ်။ တကယ်လို့ Setting မှာ Attendance data မရှိတဲ့ နေ့တွေကို လစာဖြတ်မယ့် function on ထားပါက လစာတွက်တဲ့အခါကျ Unpaid Leave အနေနဲ့သတ်မှတ်ပြီး လစာဖြတ်သွားမှာြဖစ်ပါတယ်။ ခွင့်အနေနဲ့ ယူမယ်ဆိုရင်လဲ လစာမတွက်ခင်အချိန်အထိ ခံစားခွင့်ရှိတဲ့ ခွင့်တွေကို Mobile မှသော်လည်းကောင်း၊ PC မှသော်လည်းကောင်း Leave Request ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် လစာတွက်ခါနီးတိုင်း HR ဌာနကသာမက သက်ဆိုင်ရာ Department Leader ကလည်း Announcement လုပ်တဲ့အခါ ကိုယ့်အလုပ်ချိန် In/Out တွေ၊ Attendance Calendar ကိုပြန်စစ်ဖို့လိုသလို ၊ Leave, Forget Card, OT အစရှိတဲ့ Request တွေ တင်ထားပြီးသားကိုလည်း Approve ရမရနှင့် တင်ရန်ကျန်ရှိတာတွေကိုလည်း အချိန်မှီတင်ပေးဖို့လိုအပ်ပါတယ်။

(11) Ques: ကိုယ်က Check In/Out  ကိုတင်ဖို့မေ့သွားတာဖြစ်ဖြစ် Fingerprint or Face Scan  ဖတ်ဖို့မေ့ သွားတာပဲ ဖြစ်ဖြစ် Attendance  ကို ဘယ်လိုတင်ရမလဲ? ကိုယ့်  Attendance ကို တခြားသူက တင်ပေးရင်ရော ရလား?

Ans: အကယ်၍ Check In/ Out နှိပ်ဖို့မေ့သွားခဲ့ရင် သက်ဆိုင်ရာ Department  ရဲ့  Leader or Manager  တွေရဲ့ ခွင့်ပြုချက်ဖြင့် Forget Card နဲ့ ကိုယ်တိုင်အတွက်ဆိုရင် Mobile Application  မှာရော PC  မှာရော တင်လို့ရပါတယ် ။ အခြားသူအတွက် တင်ပေးမယ်ဆိုရင်တော့ Web-based ကတဆင့် တင်လို့ရပါမယ် ။ ခြွင်းချက်အနေနဲ့ ကတော့ သူများအတွက်တင်ပေးမယ့်သူက တခြား၀န်ထမ်းတွေနဲ့ပတ်သတ်ပြီး လုပ်ပိုင်ခွင့် ရှိတဲ့ Permission  ရထားတဲ့သူဆိုရင်တော့ သူရဲ့  တင်ချင်တဲ့ ၀န်ထမ်းကို ရွေးချယ်ပြီးတင်ပေးလို့ရပါတယ်။

(12) Ques: Check In/ Out Request ကရော သူများအတွက် တင်ပေးလို့ရလား? ကိုယ်အတွက်ကိုယ်ဆိုရင်ရော ဖုန်းမှာပဲ တင်လို့ရတာလား?

Ans:  Check In/ Out Request  ကတော့  Mobile ရော PC ရော ကိုယ့်အတွက်ပဲကိုယ်တင်လို့ရပါတယ်။ သူက  Current Date/ Current Time  ဖြစ်တဲ့အတွက်ကြောင့် ဝန်ထမ်းက သူရောက်နေတဲ့နေရာအတိအကျ အချိန်အတိအကျ ပြပေးတာဖြစ်လို့ အပြင်ရောက်နေရင်တောင်မှ သူရောက်နေတဲ့ နေရာအတိအကျ ကိုဖော်ပြပေးပါတယ်။ ဓာတ်ပုံနှင့်တကွ တစ်ခါတည်း တင်လို့ရပါတယ်။ ဓာတ်ပုံကလည်း လက်ရှိပုံကို ရိုက်ရတာဖြစ်ပါတယ် Gallery  ထဲကနေ  Attached  တွဲလို့မရပါဘူး။

(13) Ques: Check in/Out တင်ရင် Locationပါ တစ်ခါတည်းပြတယ်လို့ပြောတယ်နော်။ အဲ့Location က သူသွားနေတဲ့လမ်းကြောင်း တောက်လျှောက်ပေါ်လား?

Ans: Check In/Out က ၀န်ထမ်းတွေရဲ့ ရုံးတက် ရုံးဆင်းအချိန်အတိအကျနဲ့ ရောက်နေတဲ့ နေရာကို ပြပေးပါတယ်။ ၀န်ထမ်းတွေ သွားခဲ့တဲ့ နေရာလမ်းကြောင်းကို သိချင်ရင်တော့ System ရဲ့ Presence Check Request List ကနေ စစ်ဆေးနိုင်ပါတယ်။

(14) Ques: HR ကိုယ်တိုင်အနေတဲ့ ဖုန်း application ကနေ Approve ပေးလို့ရပါသလား?

Ans: မရပါဘူး ဖုန်း Application အသုံးပြုတဲ့ ဘယ်၀န်ထမ်းမဆို Request နဲ့ပတ်သက်တာတွေပဲ တင်လို့ ရပါတယ်။ Request List တွေနဲ့ပတ်သက်တာကိုတော့ Web View နဲ့ Dashboard ပေါ်မှာကြည့်လို့ရပါတယ်။

(15) Ques: ၀န်ထမ်းတွေရဲ့ Assignက တစ်ပတ်တစ်ခါ ပြောင်းနေရတဲ့အတွက်အဲ့လိုမျိုး‌ရော Software မှာလုပ်လို့ရလား?

Ans: လုပ်လို့ရပါတယ်. Shift Roaster သွားနေတဲ့ ၀န်ထမ်းတွေအတွက် system ရဲ့ Employee Shift Assign Function ကနေ Excel download ချပြီး လွယ်ကူစွာ assign ချလို့ရပါတယ်။

(16) Ques: Overtimeပေးတဲ့အခါကျရင်ပုံမှန် ၅နာရီရုံးဆင်းပေမဲ့၆နာရီမှစပြီး OT ကြေးအနေနဲ့ တွက်ရင်‌ရော System မှာတွက်လို့ရလား?

Ans: Overtime setting မှာ Free-time limit ထားလိုက်တာနဲ့ တင်စေချင်တဲ့ အချိန်မှစ၍ ၀န်ထမ်းမှ Overtime Request တင်လိုက်တာနဲ့ Systemကနေ Auto limit လုပ်ထားတဲ့အတိုင်း Overtime တွက်ပေးပါတယ်။

(17) Ques: Payroll Management မှာ လစာတွေကို   Setting  ချတာကလေ ကိုယ့် company ရဲ့ rule  အတိုင်း  Setting ချလို့ရလား ။  အဲ့ဒီ Setting တွေကို ခဏခဏ ချ‌‌ပေးရမှာလား?

Ans: Setting ကကျတော့ One Time Setting  ပဲ။ Company ရဲ့ Policy မပြောင်းသရွေ့ ဒီ Setting  သည် One Time Setting  ပါပဲ ။  Company ရဲ့ Policy ပြောင်းသွားရင်တော့ Setting ထဲမှာ User က ကိုယ်တိုင်ပြောင်းသွားတဲ့အတိုင်းထည့်လို့ရပါတယ်။

(18) Ques: ဝန်ထမ်းတွေကို Register လုပ်တဲ့အခါကျရင် တစ်ယောက်ချင်းလဲသွင်းလို့ရတယ်။ Excel နဲ့ တစ်ခါတည်းသွင်းလို့လည်းရတယ်ဆိုတော့ ပထမတစ်ကြိမ်မှာတော့ အားလုံးကို Excel နဲ့သွင်းလိုက်တယ်။ နောက်ပိုင်းဝင်လာတဲ့ ဝန်ထမ်းအသစ်တွေကိုကျတော့ တစ်ယောက်ချင်းသွင်းတယ်ဆိုရင် လစာတွက်တဲ့အခါမှာ အားလုံးကိုတွက်လို့ရပါ့မလား?

Ans: ရပါတယ်။ Register ကို တစ်ယောက်ဘဲသွင်းသွင်း၊ Excel နဲ့ဘဲသွင်းသွင်း လစာတွက်တဲ့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ လစာတွက်တဲ့အခါမှာ တစ်ယောက်ချင်းလဲတွက်လို့ရသလို Department တစ်ခုစီပေါ်မှာလဲလိုက်တွက်လို့ရတာမျိုးမလို့ မိမိစိတ်ကြိုက်ရွေးချယ်တွက်နိုင်ပါတယ်။

(19) Ques: ဝန်ထမ်းတွေရဲ့လစာကို ငွေသားမဟုတ်ဘဲ ဘဏ်ကနေပေးချေလို့ရလား ။ ဘဏ်ဆိုရင်ရော ဘယ်ဘဏ်တွေသုံးလို့ရလဲ ။

‌Ans: ဝန်ထမ်းတွေရဲ့လစာကို ဘဏ်ကနေတစ်ဆင့်လည်း ပေးချေလို့ရပါတယ် ။ သုံးမယ်ဆိုရင်တော့ CB and KBZ Bank ကနေလွှဲလို့ရပါတယ် ။ ဒါ့အပြင် MPT Money  နဲ့ ငွေပေးချေလို့ရပါတယ်။

(20) Ques: BAMAWL HR Integrated System ကနေ ၀န်ထမ်းတွေကို လစာပေးတဲ့အခါ Bank 50% Cash 50% ပေးလို့ရပါသလား?

 Ans: ဟုတ်ကဲ့ရပါတယ်။ လစာတွက်တဲ့အချိန်မှာတော့ Net Salary Amount နဲ့ Pay Slip ထွက်သွားပေမယ့် ၀န်ထမ်းတွေအတွက် Salary နဲ့ပတ်သက်တဲ့ Bank ကို ထုတ်ပေးရတဲ့ Final Excel Sheet မှာတော့ Bank ကနေ ပေးချင်တဲ့ 50% ကို ၀န်ထမ်းတစ်ယောက်ချင်းစီရဲ့ Individual Amount မှာပြင်ပေးဖို့လိုအပ်ပါတယ်။

(21) Ques: တကယ်လို့ပေါ့နော် ဝန်ထမ်းတွေရဲ့လစာကို CB တစ်ဝက် KBZ တစ်ဝက် ပေးချင်ရင်ရောရနိုင်မလား ။ အဲ့ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ?

Ans: ဟုတ်ကဲ့. CB bank, KBZ bank နှစ်ခုလုံးသုံးပြီး ပေးချေနိုင်ပါတယ်. ဝန်ထမ်းရဲ့ လစာစုစုပေါင်းမှ CB Bank ကိုလွှဲချင်တဲ့ ငွေပမာဏထည့်လိုက်မယ်ဆိုရင်  ကျန်တဲ့ Amount က ၀န်ထမ်းရဲ့ KBZ Bank  ကို အလိုအလျောက် တန်းရောက်သွားမှာပါ။

(22) Ques: BAMAWL HR Integrated System မှာ KPI တွက်လို့ရပါသလား?

 Ans: BAMAWL HR Integrated System မှာ KPI တွက်လို့မရပါဘူး။ ဒါပေမယ့် KPI တွက်ဖို့အတွက် လိုအပ်တဲ့ အခြေခံ Data တွေကို ကြည့်လို့ရပါတယ်။ ဥပမာ – Warning နဲ့ပတ်သက်တာတွေ၊ Absent နဲ့ပတ်သက်တာတွေ လိုအပ်တာတွေကိုကြည့်လို့ရပါတယ်။

(23) Ques: ဝန်ထမ်းတွေကအဝင်အထွက် အရမ်းကြမ်းတော့ System ကသုံးရတာအဆင်ပြေပါ့မလား?

Ans: အဆင်ပြေပါတယ်။အလုပ်ထွက်ရင် resign ခလုတ်လေးကိုနှိပ်ပြီး အသစ်ဝင်ရင် Register လုပ်ရုံပါဘဲ။ Resign လုပ်တဲ့၀န်ထမ်းက ပြန်၀င်တဲ့အခါမျိုးဆိုရင်လဲ Rehire လုပ်လိုက်ရုံနဲ့ အဲ့၀န်ထမ်းရဲ့ data တွေကို နောက်တစ်ကြိမ်ပြန်သွင်းစရာမလိုပဲ system ထဲပြန်လည်ရောက်ရှိနေမှာဖြစ်ပါတယ်။

(24) Ques: Software error တက်တဲ့အခါကျရင် Reply မြန်လား ဒါမှမဟုတ် ဖုန်းတစ်ဆင့်ပြီးတစ်ဆင့် ဆက်ရတာလား?

Ans: Error Replyပြန်ဖို့အတွက် Company တစ်ခုချင်းစီအလိုက် အသုံးပြုနေတဲ့ ၀န်ထမ်းအားလုံးနဲ့ Viber Group ဖွဲ့ထားသလို ဖုန်းဆက်ရင်လည်း တစ်ဆင့်လွှဲပေးစရာမလိုဘဲ ချက်ချင်း reply ပြန်ပေးပါတယ်။

(25) Ques: ကိုယ်လိုချင်တဲ့ Functionတွေရှိရင် ထည့်ပေးလား? အဲ့အတွက် Charges ယူလား?

Ans: Cloud Software ဖြစ်တဲ့အတွက် လိုချင်တဲ့ functionကို Customized လုပ်ပေးပါတယ်။အဲ့အတွက် ကျသင့်တဲ့ Charges ယူပါတယ်

Login


Don't have an account? Create one now.
It's free and simple! Register

Register

Please register to watch videos.


Already have an account? Login

Forgot Password